FAQ

Q. ငွေစုဘဏ်စာအုပ် အသစ်ဖွင့်လိုလျှင် ဘာတွေလိုအပ်မည်နည်း။
A.ငွေစုဘဏ်စာအုပ် အသစ်ဖွင့်လိုလျှင် မှတ်ပုံတင် နှင့် သန်းခေါင်စာရင်း မူရင်း၊ မိတ္တူ (၁)စောင်စီယူဆောင်လာရပါမည်။
Q.Joint Account ကိုဘယ်နှစ်ယောက်ဖွင့်လို့ရပါသလဲ။
A.Joint Account ကို နှစ်ဦး၊ သုံးဦး၊ လေးဦး အထိဖွင့်လို့ရပါသည်။
Q.ကုမ္ပ္ပဏီ အနေနှင့် ဖွင့်လို့ရပါသလား။ ဖွင့်ရန်ဘာတွေလိုအပ်ပါသလဲ။
A.ကုမ္ပ္ပဏီအနေနှင့် ဖွင့်လို့ရပါသည်။ ကုမ္ပ္ပဏီအနေဖြင့် ဖွင့်လိုလျှင် ကုမ္ပ္ပဏီ အမည်ဖြင့် ငွေစုဘဏ်စာရင်းဖွင့်ခွင့် လျောက်ထားခြင်း လျောက်လွှာ (၁)စောင်၊ ကုမ္ပ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ၊ ကုမ္ပ္ပဏီအသင်းအဖွဲ့ မှတ်တမ်း၊ ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးမှတ်တမ်း မူရင်း၊ ငွေထုတ်သူသက်မှတ်ချက်နှင့် စာရင်းဖွင့်လှစ်မည့်ငွေပမာဏ၊ Form E(ပုံစံ အီး)၊ Form VI နှင့် Form XXVI၊ မှတ်ပုံတင်မူရင်း မိတ္တူ၊ လုပ်ငန်းလိုင်စင် မိတ္တူ လိုအပ်ပါသည်။
Q. ငွေဘယ်လောက်ကနေ စဖွင့်လို့ရပါသလဲ။
A.ငွေကျပ် ၁၀၀၀ ကနေစဖွင့်လို့ရပါသည်။
Q. ငွေ အထုတ်အသွင်း ပြုလုပ်ရာတွင် ငွေပမာဏ နှင့် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းရှိပါသလား။
A.ငွေ အထုတ်အသွင်း ပြုလုပ်ရာတွင် ငွေပမာဏ ကန့်သတ်ထားခြင်းမရှိပါ။ သို့သော် ငွေထုတ်ယူရာတွင် ရက်သတ္တပတ်လျှင် (၁) ကြိမ်သာ ထုတ်ယူခွင့်ရှိပါသည်။ ငွေသွင်းခြင်းကိုမူ အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။
Q. ငွေထုတ်ရန် ဘာတွေလိုအပ်မည်နည်း။
A.ငွေထုတ်ရန် စာအုပ်ပိုင်ရှင်၏ မှတ်ပုံတင်မူရင်း ယူဆောင်လာရပါမည်။

Q. ကိုယ်စားလှယ်ငွေသွင်း၊ ငွေထုတ်လို့ရပါသလား။ ကိုယ်စားလှယ် ငွေသွင်း၊ ငွေထုတ်ရန် ဘာတွေလိုပါသလဲ။ ကိုယ်စားလှယ်ငွေသွင်း၊ ငွေထုတ်လို့ရပါသည်။ ကိုယ်စားလှယ်ငွေသွင်း ငွေထုတ်ပြုလုပ်လိုလျှင် ငွေထုတ်ပုံစံစာရွက်တွင် ပိုင်ရှင်မှ ဘဏ်တွင်ပေးထားသည့် လက်မှတ်အတိုင်း အရှေ့တစ်ချက်၊ အနောက်တစ်ချက်

A.တူအောင်ထိုးပြီး လွှဲထားသည့်ကိုယ်စားလှယ်မှ မှတ်ပုံတင်ယူတောင်လာ၍ ထုတ်ယူနိုင်ပါသည်။ ကိုယ်စားလှယ်ငွေသွင်းလျှင် မှတ်ပုံတင်မလိုပါ။

Q. ငွေစုဘဏ်စာအုပ်ကို အင်းဝဘဏ် မည်သည့်ဘဏ်ခွဲမဆို ထုတ်လို့ရပါသလား။
A.ငွေစုဘဏ်စာအုပ်ကို အင်းဝဘဏ် မည်သည့်ဘဏ်ခွဲမဆိုထုတ်လို့ရပါသည်။ ငွေလွှဲခပေးခြင်းဖြင့် ဆောင်ရွက်ပေးပါသည်။ သို့သော် စာအုပ်ပိုင်ရှင်ကိုယ်တိုင်သာ ထုတ်ယူလို့ရပါမည်။
Q. ငွေစုဘဏ်စာအုပ်မှာ နောက်ဆုံးလက်ကျန်ဘယ်လောက်ချန်ပြီးထုတ်လို့ရပါသလဲ။
A.ငွေစုဘဏ်စာအုပ်မှာ နောက်ဆုံးလက်ကျန် ၁၀၀၀ ချန်ပြီးထုတ်လို့ရပါသည်။
၁၀ Q. အသက်မပြည့်ခင်ကလေးနှင့် ဖွင့်လို့ရပါသလား။ ရတယ်ဆိုရင် ဘာတွေလိုအပ်မည်နည်း။
A.အသက်မပြည့်ခင်ကလေးနှင့် ဖွင့်လို့ရပါသည်။ ကလေးအုပ်ထိန်းသူ၏ မှတ်ပုံတင်၊ သန်ခေါင်စာရင်း မူရင်း၊ မိတ္တူ(၁)စုံစီ ယူဆောင်လာရပါမည်။ ကလေး၏ မွေးသက္ကရာဇ် သိရန်လိုအပ်ပါသည်။
၁၁ Q. ငွေစုဘဏ်အတိုးနှုန်း ဘယ်လောက်ပါလဲ။
A.အတိုးနှုန်း (၁)နှစ်လျှင် ၉ % ဖြစ်ပါသည်။
၁၂ Q. အတိုးကို ဘယ်နှစ်လတစ်ကြိမ် ထည့်ပေးပါသလဲ။ အတိုးဝင်တာ ဘယ်နေ့နောက်ဆုံးလဲ။
A.အတိုးကို သုံးလလျှင် တစ်ကြိမ်ထည့်ပေးပါသည်။ အတိုးဝင်တာ (၁)ရက်နေ့မှ (၄)ရက်နေ့ နောက်ဆုံးဖြစ်ပါသည်။
၁၃ Q. အတိုးလာမထည့်ပဲအကြာကြီးထားလို့ရပါသလား။ ဘယ်နှစ်လကြာရင် စာရင်းသေဖြစ်မလဲ။
A.အတိုးလာမထည့်ပဲ အကြာကြီးထားလို့ရပါသည်။ စာရင်းသေမဖြစ်ပါ။
၁၄ Q. ငွေစုဘဏ်စာအုပ်ထဲကို နယ်ကနေ ပိုက်ဆံထည့်လို့ရပါသလား။
A.ငွေစုဘဏ်စာအုပ်ထဲကို နယ်ကနေ ငွေလွှဲစနစ်ဖြင့် ပိုက်ဆံထည့်လို့ရပါသည်။
၁၅ Q. အခြားဘဏ်ကချက်နှင့် ငွေစုဘဏ်စာအုပ်ထဲကို ငွေထည့်လို့ရပါသလား။
A.အခြားဘဏ်ကချက်နှင့် ငွေစုဘဏ်စာအုပ်ထဲကို ငွေထည့်လို့ရပါသည်။ Clearing စနစ်ဖြင့်ဆောင်ရွက်ပေးပါသည်။
၁၆ Q. စာရင်းသေအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။
A.စာရင်းသေအမျိုးအစား ၅ မျိုး (သုံးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ်၊ နှစ်နှစ်) ရှိပါသည်။
၁၇ Q. စာရင်းသေဖွင့်ရန် ဘာတွေလိုအပ်ပါသလဲ။
A.စာရင်းသေဖွင့်ရန် ဓာတ်ပုံနှစ်ပုံ၊ သန်းခေါင်စာရင်း မိတ္တူ (မူရင်း) ပြရပါမည်။
၁၈ Q. စာရင်းသေဖွင့်ရန် ငွေဘယ်လောက်ကစဖွင့်လို့ရပါသလဲ။
A.စာရင်းသေစာရင်းကို ငွေကျပ် ၁၀၀၀၀ ကနေစဖွင့်လို့ရပါသည်။