+95 1 256254 admin@ablmm.com

ဖြစ်စဉ်နမူနာ

ဖြစ်စဉ်တွင် ဘဏ်(၁)ဘဏ်မှ သံသယဖြစ်ဖွယ်သတင်းပို့ချက်အဖြစ် ပေးပို့လာသော ချစ်မျိုးဦးနှင့် သက်နိုင်စိုးတို့သည် ထွန်းသက်ဝေ၏ မှတ်ပုံတင်အမှတ်အားပြုပြင်၍ အဆိုပါဘဏ် (xxxxxx ဘဏ်ခွဲ) တွင် ဘဏ်ငွေစာရင်း(၃)ခု၊ စွမ်းရည်ထက်မှ ၎င်း၏မှတ်ပုံတင်အား ပြုပြင်၍ ငွေစာရင်း(၁)ခုဖွင့်လှစ်ထားပြီး ၎င်းငွေစာရင်းများအား ချစ်မျိုးဦး၊ သက်နိုင်စိုးနှင့် စွမ်းရည်ထက် တို့(၃)ဦးမှ လွှဲပြောင်းဆောင်ရွက်ခဲ့သဖြင့် ဘဏ်မှ ၎င်းတို့နှင့်ပတ်သက်၍ စိစစ်ခဲ့ပြီး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သံသယဖြစ်ဖွယ်သတင်းပို့ချက်အဖြစ် ပေးပို့ခဲ့ကြောင်း၊

ထွန်းသက်ဝေအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၈/ရစက(နိုင်) xxxxx ၊ ၈/ရစက (နိုင်) xxxxx ၊ ၈/ရစက(နိုင်) xxxxx များဖြင့် အထက်ပါဘဏ်တွင် ငွေစာရင်းများ ဖွင့်လှစ်ခဲ့သူ၏ အမည်ရင်း အမှန်မှာ ချစ်မျိုးဦး၊ ၈/မမန(နိုင်) xxxxx ဖြစ်ပြီး စွမ်းရည်ထက်သည် ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၁၂/သဃက(နိုင်) xxxxx အမှန်ဖြင့် အထက်ပါဘဏ်တွင် ငွေစာရင်း (၁)ခု၊ ၎င်း၏ နိုင်ငံသားစိစစ်ရေးကတ်အမှတ်ရှိ နံပါတ်(၁)အား (၃)ဟု ပြင်ဆင်၍ ၁၂/သဃက (နိုင်) xxxxx ဖြင့် ငွေစာရင်း (၁)ခု ဖွင့်လှစ်ခဲ့ကြောင်း၊

ထွန်းသက်ဝေအမည်ဖြင့် အသုံးပြုထားသော နိုင်ငံသားစိစစ်ရေးကတ် (၃)ကတ်တွင် ၈/ရစက (နိုင်) xxxxx သည် ချမ်းပြည့်ကျော် (ဘ) ဦးxxx၊ ၈/ရစက(နိုင်) xxxxx သည် ဟိန်းမင်း ခန့်၊ (ဘ) ဦးxx ဖြစ်ပြီး ၈/ရစက (နိုင်) xxxxx သည် မိုးမိုးကျော် (ဘ) ဦး xx တို့၏ ကိုင်ဆောင် လက်မှတ်များ ဖြစ်၍ မှန်ကန်မှု မရှိကြောင်း၊

စွမ်းရည်ထက်အမည်ဖြင့် အသုံးပြုထားသော နိုင်ငံသားစိစစ်ရေးကတ်(၂) ကတ်တွင် ၁၂/ သဃက (နိုင်) xxxxx သည် စွမ်းရည်ထက် (ဘ) ဦး xxx၊ မွေးသက္ကရာဇ် ၁၀-၅-၂၀၀၅ ၏ ကိုင် ဆောင်လက်မှတ် အမှတ်ဖြစ်၍ မှန်ကန်မှုရှိပြီး ကျန်နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၁၂/သဃက (နိုင်) xxxxx သည် သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၏ အသုံးပြုပြီး အမြင့်ဆုံးနံပါတ်ထက် ကျော်လွန်နေသော နံပါတ်ဖြစ်၍ မှန်ကန်မှု မရှိကြောင်း။