+95 1 256254 admin@ablmm.com

အမှုတွဲဖြစ်စဉ်နမူနာ

  • လူပုဂ္ဂိုလ်တစ်ဦးသည် ၂၀၀၁ ခုနှစ်မှစ၍ NiNi Swe အမည်ဖြင့် Facebook သုံးစွဲခဲ့ရာ ၂၂၀၂၃ ရက်နေ့တွင် ခန့်ဝေမောင် () မောင်မောင်လွင်ဆိုသူမှ Onilne ပေါ်တွင် အစု ရှယ်ယာများဝယ်ယူ စုဆောင်းခြင်း သို့မဟုတ် အတိုးနှုန်းနည်းနည်းဖြင့် ငွေခေျး ယူနိုင်ကြောင်း ဝင်ရောက်ပြောဆိုကြေညာခဲ့ပြီး ၎င်းတို့၏ရုံးလိပ်စာမှာ ဇွဲထက် ရှယ်ယာ ကုမ္ပဏီလီမိတက်ရုံး (Zwe Htet)(102A)လမ်းကြား၊(၆၂)လမ်း၊တွတ်ပီကွေ့၊မန္တလေးဖြစ် ကြောင်း၊
  • ၎င်း၏မှတ်ပုံတင်ကိုလည်း ပြသခဲ့သဖြင့် မိမိစုဆောင်းထားရှိသောငွေများအား အစု ရှယ်ယာများ ဝယ်ယူရင်းနှီးရန်ရည်ရွယ်၍ ၎င်းတို့ပေးပို့သည့်ဖုန်းနံပါတ်များသို့  Wave Pay ဖြင့်မိမိ၏မှတ်ပုံတင်ဖြင့်လည်းကောင်း အခြားသူများမှတ်ပုံတင်များဖြင့်လည်း ကောင်းစုစုပေါင်း ကျပ်သိန်း (,၆၅၀)ကျော်ထိ အကြိမ်ကြိမ် လွှဲပြောင်း ပေးခဲ့ပါကြောင်း၊
  • မိမိလွှဲပေးခဲ့သောငွေများအား ပြန်လည်ထုတ်ပေးရန် တောင်းဆိုသောအခါတွင် ဘဏ် ငွေလွှဲပုံစံအတုကိုပြသပြီး အဆိုပါငွေပမာဏကို ထုတ်ယူရန်အတွက် မိမိမှငွေထပ်မံ လွှဲပေးရမည်ဖြစ်ကြောင်းသာပြောပြီး ၎င်းတို့ဘက်မှ ယခုအချိန်ထိ မည်သည့်ငွေမှ လွှဲပေး ခြင်းမရှိခဲ့သဖြင့် ဆုံးရှုံးခဲ့သောငွေများ ပြန်လည်ရရှိနိုင်ရေးနှင့် မိမိကဲ့သို့ အခြားမသိ နားမလည်သူများလိမ်ညာခံ၍ ငွေကြေးဆုံးရှုံးမှုများ ထပ်မံ မဖြစ်ပေါ်စေရေးအတွက် Online မှအုပ်စုငွေလိမ်လည်သူများနှင့် ကုမ္ပဏီများ ကိုဖော်ထုတ်၍ ထိရောက်စွာ အရေး ယူပေးနိုင်ပါရန် အထောက်အထား များနှင့်အတူ တင်ပြ တိုင်ကြားပါကြောင်း။