+95 1 256254 admin@ablmm.com

၁။           ဘဏ်လုပ်ငန်းဝန်ဆောင်မှုများတွင် အွန်လိုင်းလိမ်လည်မှုများအား ဒုစရိုက်သမားများမှ နည်းအမျိုးမျိုးဖြင့် ကျူးလွန်ရန် ကြံစည်ကြိုးစားလျက်ရှိသဖြင့် အများပြည်သူများအနေဖြင့် နိုင်ငံတော်မှ တရားဝင်ပြုလုပ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်များကိုသာ မှန်ကန်စွာသုံးစွဲပြီး ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား အသုံးပြုကြပါရန်နှင့် မှန်ကန်ခြင်းမရှိသည့် နိုင်ငံသားစိစစ်ရေးကတ်များ အသုံးပြု ခြင်းသည် အများပြည်သူများ၏ အကျိုးစီးပွားအား ထိခိုက်နစ်နာစေနိုင် ကြောင်း၊ ဉပဒေအရတားမြစ်မှုအား ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း သတိပြု အသိရှိနိုင်ရန်အတွက် အင်းဝဘဏ်လီမိတက်မှ နှိုးဆော် အကြံပြုအပ်ပါသည်။

၂။                  သို့ဖြစ်ပါ၍ နိုင်ငံသားစိစစ်ရေးကတ်သုံးစွဲမှုနှင့် ပတ်သက်၍ ကြေညာချက်နှင့် ငွေကြေး ဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ဖြန့်ဝေသည့် ‘အွန်လိုင်းလိမ်လည်မှု အန္တရာယ်’ လက်ကမ်းစာစောင် တို့အား အသိဗဟုသုတရစေရန် ဖော်ပြအပ်ပါသည်။

 

အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက် အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချမှုမခံရစေရေးအတွက် ပြည်သူများသို့ အသိပေးနှိုးဆော်ချက်

  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်းသည် မိမိကိုယ်ကို အန္တရာယ်ပေးခြင်းနှင့် တူသည်။
  • မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ခြင်းသည် မိမိ၏တာဝန်ဖြစ်သည်။
  • နိုင်ငံသားစိစစ်ရေးကတ်အတုများသည် သင့်အား အမှုအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင်သည်၊ သတိထားပါ။
  • စစ်မှန်သော နိုင်ငံသားစိစစ်ရေးကတ်ဖြင့်သာ နိုင်ငံသားအဖြစ် ဂုဏ်ယူပါ။
  • နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲသူများသည် ရာဇဝတ်မှုတွင် ပါဝင်နေပါသည်။
  • နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သည်။

အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် ကိုယ်ရေးအချက် အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချမှုမခံရစေရေးအတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် သတိပေးချက်

  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်းကိစ္စရပ်များမှတစ်ပါး အခြားသူတစ်ဉီး တစ်ယောက်ထံ မပေးပါနှင်ံ၊
  • မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ဘဲ မိတ္တူကူးယူ၍ မသက်ဆိုင်သူထံ ပေးအပ်ခြင်း မပြုပါနှင့်။
  • နိုင်ငံသားစိစစ်ရေးကတ် နှင့် ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်း မပြုပါနှင့်။