အရာရှိလစာ စာရင်းများကို အွန်လိုင်းမှ ကြည့်ရှုခြင်းနှင့် စပ်လျဉ်း၍ website, facebook page နှင့် Application များ ထွက်ပေါ် နေကြောင်း တွေ့ရှိနေရပါသည်။ အင်းဝဘဏ် လီမိတက် အနေဖြင့် တရားဝင် Web page ဖြစ်သော www.ablmm.com တစ်ခုတည်းကိုသာ ရေးဆွဲထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ အခြား တရားမဝင် Website, Facebook Account/Page နှင့် Application များအား ဝင်ရောက်အသုံးပြုခြင်းဖြင့် မိမိ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ပေါက်ကြားခြင်းနှင့် မလိုလားအပ်သော ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ဝင်ရောက်အသုံးပြုခြင်း မပြုကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်