အင်းဝဘဏ်လီမိတက်သည် Customer များအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးအပ် နိုင်ရန်အတွက် International Core Banking System နှင့် ATM Switching System ပြောင်းလဲအ သုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
လေးစားအပ်ပါသော တပ်မတော်အရာရှိများခင်ဗျာ လူကြီးမင်းတို့၏ ငွေစာရင်းရုံးဖြင့်ချိတ်ဆက်၍ လစာထုတ်ယူလျက်ရှိသော စာရင်းများ (28/29-XXXXX နှင့် 88/89-XXXXX) ကို ၁၀-၈-၂၀၂၀ ရက် နေ့မှစ၍ Saving New A/C(********88/89XXXXX) တစ်ခုအဖြစ်သာ ထားရှိတော့မည် ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ (28/29-XXXXX နှင့် 88/89-XXXXX) မှငွေသားလက်ကျန်များကို Saving New A/C (********88/89XXXXX) သို့ပေါင်းထည့်ပေးသွားမည် ဖြစ်ပါသည်။
ထိုနည်းတူ အင်းဝဘဏ်လီမိတက်၏ အေတီအမ်ကတ်စာရင်းဖွင့်လှစ်သုံးစွဲနေသော အရာရှိများ ခင်ဗျာ လူကြီးမင်းတို့၏(28/29-XXXXX နှင့် 88/89-XXXXX) လစာစာရင်းမှ အေတီအမ်ကတ်စာရင်း သို့ လစဉ်ထည့်သွင်းပေးရန် ညွှန်ကြားမှုပေးထားသော ကတ်စာရင်းများကို ၁၀-၈-၂၀၂၀ ရက်နေ့ မှစ၍ Saving New A/C (********88/89XXXXX) ဖြင့်ချိတ်ဆက်အသုံးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ 28/29-XXXXX နှင့် ATM Card(9503 07XX XXXX XXXX ) မှငွေသားလက်ကျန်များကို Saving New A/C (********88/89XXXXX) သို့ပေါင်းထည့်ပေးသွားမည် ဖြစ်ပါသည်။
Saving New A/C (********88/89XXXXX) မှလက်ကျန်ငွေများကို လက်ရှိလက်ဝယ် ကိုင်ဆောင် လျက်ရှိသော Cheque လက်မှတ်ဖြင့်လည်းကောင်း၊ ATM Card ဖြင့်လည်းကောင်း၊ Saving ငွေစု စာအုပ်ဖြင့်လည်ကောင်း ထုတ်ယူနိုင်ပါသည်။ Cheque လက်မှတ်ဖြင့်လည်းကောင်း၊ ATM Card ဖြင့် လည်းကောင်း၊ Saving ငွေစုစာအုပ် ဖြင့်လည်ကောင်း ငွေကြေးခွဲဝေပိုင်းခြားထုတ်ယူခြင်းများ အစား တစ်မျိုးတည်းဖြင့် တစ်နေရာထဲမှ လက်ကျန်ငွေအားလုံး(အားလုံး)ကို ထုတ်ယူနိုင်ပါသည်။ သို့ဖြစ်ပါ၍ Blank Cheque(ငွေပမာဏရေးသားထားခြင်းမရှိသော ချက်လက်မှတ်များ) ဖြင့်လည်း ကောင်း၊ ATM Card ဖြင့်လည်းကောင်း ကိုယ်စားထုတ်ယူခြင်းများကို သတိပြုကြပါရန် လေးစား စွာဖြင့် အသိပေးကြေငြာအပ်ပါသည်။