လေးစားအပ်ပါသော Innwa Bank Customer များ ခင်ဗျာ အင်းဝဘဏ် လီမိတက်သည် မြန်မာနိုင်ငံဗဟိုဘဏ်မှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော CBM-NET 2 အား အသုံးပြု၍ ဘဏ်အချင်းချင်း ငွေလွှဲပြောင်းမှုများအား Real Time ( ဥပမာ – ဧရာဝတီဘဏ်မှ အင်းဝဘဏ်၏ Bank Account , မြန်မာ့စီးပွားရေးဘဏ်မှ အင်းဝဘဏ်၏ Bank Account ) ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ ။ Innwa Bank Customer များအနေဖြင့် မိမိတို့၏ အင်းဝဘဏ် Bank Account များထဲသို့ CBM-NET 2 အသုံးပြု၍ ငွေသွင်းပါက အကောင့်နံပါတ်များကို မှန်ကန်စွာပေးနိုင်ပါရန် ပန်ကြားအပ်ပါသည်။ အင်းဝဘဏ်သည် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု များကို ခေတ်မှီ ဆောင်ရွက် နိုင်ရန်အတွက် CBS System ကို အဆင့်မြှင့်တင်ပြီးဖြစ်သောကြောင့် Customer Bank Account နံပါတ်များကို နီးစပ်ရာအင်းဝဘဏ်ခွဲများတွင် Update ပြုလုပ် ပြီးမှအသုံးပြုပါရန် ပန်ကြားအပ်ပါသည်။ သို့မှသာ CBM-NET 2 ၏ ဝန်ဆောင် မှုအား ရရှိမည်ဖြစ်ပါသည်။ Account No. အဟောင်းများဖြင့် ငွေလွှဲပြောင်းခြင်း များဆောင်ရွက်ပါက CBM-NET 2 ဝန်ဆောင်မှု ရရှိနိုင်မည် မဟုတ်ပါ။