+95 1 256254 [email protected]

၁။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၆-၆-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်အချို့မှ ပါဝင်‌ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုမှုများ ဖော်ပြထားပါသည်။

၂။ နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံးအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထား သည့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အချက်အလက်များကို သေချာစွာ စစ်ဆေးရယူခြင်းဆိုင်ရာ Due Diligence Procedure များကို တိကျစွာ လိုက်နာဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံပိုင်ဘဏ်များ အပါအဝင် ပြည်တွင်း ဘဏ်များအားလုံး၏ အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်ဘဏ်များ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့် အထောက်အထားများကို ရယူ၍ အလေးထား စိစစ် ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence- EDD) ကို ကောင်းစွာ ဆောင်ရွက်လျက် ရှိပါသည်။

၃။ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ စံသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှု အစီရင်ခံစာများကို အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (APJG) သို့ တင်ပြ ချက်များနှင့် မျက်နှာချင်းဆိုင် အစည်းအဝေးတွင် ဆွေးနွေးပြောဆိုချက်များအရ FATF နှင့် APJG တို့က အသိအမှတ်ပြု ပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက် အဆင့်များ တိုးမြှင့်ပေးခဲ့ခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၉-၆-၂၀၂၄ ရက်နေ့ တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၄။ မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုများမှာလည်း မြန်မာနိုင်ငံသားများအတွက် အဓိက မရှိ မဖြစ် လိုအပ်သော အခြေခံကုန်စည်များ ဖြစ်သည့် ဆေးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ စားသုံးဆီများ တင်သွင်းမှုများအတွက် ဆောင်ရွက်ခြင်း ဖြစ်ပါ သည်။ ဘဏ်များအနေဖြင့် ယင်းကုန်စည်များတင်သွင်းခြင်းအတွက် ငွေပေးချေမှုများ ပြုလုပ်ရာတွင် ကုန်သွယ်မှုဆိုင်ရာ သက်သေခံ စာရွက်စာတမ်း၊ အထောက်အထားများ ရယူ၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုး ဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ် အချို့မှ ပါဝင်ဆောင်ရွက် လျက် ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုမှုများ ရေးသားဖော်ပြချက်များမှာ မြန်မာပြည်သူများ၏ အကျိုးစီးပွား ကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါ ရေးသားချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း အများပြည်သူသိစေရန် အသိပေးထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

မြန်မာနိုင်ငံဘဏ်များအသင်း

နိုင်ငံပိုင်ဘဏ်များ

ပုဂ္ဂလိကဘဏ်များ (၂၈-၆-၂၀၂၄)