မြန်မာနိုင်ငံအတွင်းတွင် အင်းဝဘဏ်များအား အောက်ဖော်ပြပါနေရာများတွင် ဖွင့်လှစ်ထားရှိပါသည်။
မြန်မာနိုင်ငံအတွင်းတွင် အင်းဝဘဏ် ATM စက်များအားဖော်ပြပါနေရာများတွင်တပ်ဆင်ထားပြီး ထုတ်ယူသုံးဆွဲနိုင်မည် ဖြစ်ပါသည်။
တပ်မတော် အရာရှိလစာနှင့် ပတ်သက်၍ သိလိုသည်များအား [email protected] သို့ mail ပို့၍ မေးမြန်းနိုင်ပါသည်။
အင်းဝဘဏ်ငွေစုစာအုပ် အသစ်လုပ်လျှင်လိုအပ်မည့်အရာများ၊ အင်းဝဘဏ် ဝန်ဆောင်မှု များ၊ လုပ်ထုံးလုပ်နည်း စည်းကမ်းများ။
အသိပေးကြေညာခြင်း
အင်းဝဘဏ်လီမိတက်၏ အောက်ပါ Money Changer Counter များတွင် ပြည်ပသို့ထွက်ခွါမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေ ယူဆောင်သွားနိုင်ရန် စာရွက်စာတမ်း အထောက်အထားများစိစစ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်-
(က) နေပြည်တော်၊ ဥတ္တရသီရိဘဏ်ခွဲ (Counter)
(ခ) မန္တလေးဘဏ်ခွဲ (Counter)
အသိပေးကြေညာခြင်း
ချစ်ခင်လေးစားတန်ဖိုးထားရပါသော အင်းဝဘဏ်လီမိတက်၏ ဝန်ဆောင်မှုများအား အသုံးပြုလျှက်ရှိသည့် တပ်မတော်အရာရှိများနှင့် မိဘပြည်သူများရှင့်
အင်းဝဘဏ်လီမိတက်၏ MPU Debit Card အသုံးပြုနေသူ Customer များအနေဖြင့် ငွေသားထုတ်ယူမှု လွယ်ကူ၊ အဆင်ပြေချောမွေ့စေရန် (1.12.2022) ရက်နေ့မှ စတင်၍ ငွေသားထုတ်ယူမှုပမာဏအား တစ်ရက်လျှင် ကျပ်(၃)သိန်းနှင့် တစ်ပါတ်လျှင် အများဆုံး ကျပ်(၅) သိန်းထိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။ သုံးစွဲသူ Customer များအနေဖြင့် မိမိကတ်ကိုင်ဆောင်သောဘဏ်နှင့် မတူညီသောဘဏ်၏ ATM တွင် ငွေထုတ်ယူသည့်အခါ ယခင် ကောက်ခံသည့် ဝန်ဆောင်ခအား ၀.၈% မှ ၁% သို့ပြောင်းလဲကောက်ခံသွားမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။အသိပေးကြေညာခြင်း
ချစ်ခင်လေးစားတန်းဖိုးထားရပါသော အင်းဝဘဏ်လီမိတက်၏ ဝန်ဆောင်မှုများအား အသုံးပြုလျှက်ရှိသည့် တပ်မတော်အရာရှိများနှင့် မိဘပြည်သူများရှင့်.....
အင်းဝဘဏ်လီမိတက်အနေဖြင့် MPU Debit Card အသုံးပြုမှုအတွက် နှစ်စဉ်ကြေးကောက်ခံမှုအား Noticing Duration အဖြစ် လက်ရှိဘတ်ဂျက်နှစ်အား ထားရှိ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (၁-၄-၂၀၂၃) ရက်နေ့မှ စတင်ကောက်ခံမည်ဖြစ်ပါသည်။
ATM MPU Debit Card Activate ပြုလုပ်သည့်သက်တမ်း (၃၆၅) ရက်နှင့် အထက်ကဒ်များအား တစ်နှစ်စာ (၂,၀၀၀) ကျပ် နှင့်
တစ်နှစ်အောက် ကတ်များအား Activate ပြုလုပ်ပြီးသည့် အချိန်မှစ၍ တစ်နှစ်ပြည့်ချိန်တွင် (၂,၀၀၀) ကျပ် ကောက်ခံမည် ဖြစ်ပါသည်။
ATM MPU Debit Card ဝန်ဆောင်မှုအတွက် နှစ်စဉ်ကြေးအား တစ်နှစ်လျှင် (၂,၀၀၀) ကျပ်နှုန်းဖြင့် သတ်မှတ် ကောက်ခံမည်ဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြား အပ်ပါတယ်ရှင့်....
အသေးစိတ်သိရှိလိုပါက - ၀၆၇-၃၄၃၄၇၅၃ -၀၁-၃၇၅၈၉၃ ၀၁၃၇၄၇၅၄ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်.....
ATM ငွေထုတ်စက်များ ငွေကြေးပမာဏ တိုးမြှင့်ထုတ်ယူနိုင်ခြင်း
ATM ငွေထုတ်စက်များ ငွေထုတ်မှုကောက်ခံခြင်း နှုန်းထားကြေငြာခြင်း
အတိုးနှုးန်းများ ပြင်ဆင်သတ်မှတ်ခြင်း |
|||
လက်ရှိအတိုးနှုန်း |
ပြင်ဆင်သည့်အတိုးနှုန်း
(အတိုးနှုန်းအသစ်) |
||
ငွေစုဘဏ်အပ်ငွေ (Saving Deposit) | ၆.၂၅% |
၆.၇၅ % |
|
စာရင်းသေအပ်ငွေ (Fixed Deposit) | ၁ လ |
၆.၂၅% |
၆.၇၅ % |
၃ လ |
၆.၇၅ % |
၇.၀၀ % |
|
၆ လ |
၇.၀၀ % |
၇.၅၀ % |
|
၉ လ |
၇.၅၀ % |
၈.၀၀ % |
|
၁၂ လ |
၈.၀၀ % |
၈.၅၀ % |
|
၂၄ လ |
၈.၅၀ % |
၉.၀၀ % |
|
စတင်အကျုံးဝင်သည့်နေ့ - ၁.၄.၂၀၂၃ |
မှတ်ချက်။
(၁) ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ဧပြီလ (၁) ရက်နေ့မှစတင်ပြီး အတိုးနှုန်းအသစ် အစီအစဉ်အရ ငွေစုဘဏ်အပ်နှံငွေစာရင်းအဟောင်း/ အသစ်အားလုံးအား အတိုးနှုန်း အသစ်ဖြင့် လည်းကောင်း
(၂) ၁.၄.၂၀၂၃ ရက်နေ့မတိုင်မှီအပ်နှံခဲ့သည့် အချိန်ဆိုင်းအပ်ငွေစာရင်း(အဟောင်း) များသည် သက်တမ်းပြည့်ပြီး ထပ်မံ သက်တမ်တိုးမှသာ အတိုးနှုန်းအသစ် အားလည်းကောင်း
(၃) ၁.၄.၂၀၂၃ ရက်နေ့မှစတင်၍ နောက်ပိုင်း အပ်နှံသည့်အချိန်ဆိုင်း အပ်နှံငွေ စာရင်း အသစ်များသည် အတိုးနှုန်းအသစ်ဖြင့်လည်းကောင်း စတင်အသက် ဝင်ပါမည်။
အထက်ဖော်ပြပါ အတိုးနှုန်းအသစ်အား ခံစားခွင့် ရှိမည်ဖြစ်ကြောင်း ကြိုတင်အသိပေး ကြေညာ အပ်ပါတယ်ရှင်.........
Bank Establishing The Innwa Bank Limited is established as an Investment Bank (or) Developing Bank since from 28 November 1997 by the approval of Myanmar Central Bank’s License No- MaBaPa/P – 20(5) (97) dated with 15.5.1997. Bank’s Company Registration The people republic of Myanmar’s National Project & Ministry of Development allow to established as a limited non public company limited, Announcement No- (6/98) dated with 8 June 1998 by using legal permission for the special company of 1950. As per Meeting Agreement of the people republic of Myanmar’s government on the (41/2008) times meeting held at 4.12.2008, National Project & Ministry of Business Development published Register No. 1221/2008-2009 (date - 22.12.2008).
Online Balance Checking အင်းဝဘဏ်လီမီတက် (ရန်ကုန်ဘဏ်ခွဲ)တွင် စာရင်းဖွင့်လှစ်ထားသော Customer များအနေဖြင့် မိမိတို့၏ စာရင်းလက်ကျန်များကို Online မှတဆင့် လက်ကိုင်တယ်လီဖုန်း၊ ကွန်ပျူတာများဖြင့် နေရာမရွေး၊ အချိန်မရွေး စစ်ဆေးကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ အခြားဘဏ်ခွဲများအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Innwa Bank (MPU Card) အင်းဝဘဏ်လီမီတက်၏ MPU Card များကို အင်းဝဘဏ်လီမီတက် မည့်သည့်ဘဏ်ခွဲတွင်မဆို ပြုလုပ်နိုင်ပြီဖြစ်ပါသည်။
ငွေထုတ်ယူရာတွင် လက်ကျန်ငွေ ထားရှိရန် အရာရှိလစာထုတ်ယူရာတွင် လက်ကျန်ငွေ စုစုပေါင်းမှ အနည်းဆုံး ၅၀၀၀ိ/- (ငါးထောင်ကျပ်) ချန်၍ ထုတ်ယူရန်။
No (3) , Kyine Tone Street , Zawana Thiddhi Ward , Ottara Thiri Township.